စေတုတ္တရာမြို့၌ ၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

စေတုတ္တရာ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်   ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးတင်နှင့် မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်မှာစကားပြောကြား၍ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်က တောင်သူများအား ယနေ့အချိန်အထိ စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိရာ တောင်သူများအနေဖြင့် သတ်မှတ်ထားသည့် ချေးငွေကာလကို အလေးထားစေလိုကြောင်း၊ တောင်သူများအနေဖြင့် ချေးငွေများကို စိုက်ပျိုးရေး အတွက် အကျိုးရှိစွာအသုံးပြုရာတွင် နိုင်ငံတော်အတွက်လည်း စားရေရိက္ခာများ ဖူလုံမှုရှိလာမည် ဖြစ်ကြောင်းနှင့် ချေးငွေများပြန်ပေးဆပ်ရာတွင် သက်မှတ်ချိန်ကာလအတွင်း ညွှန်ကြားချက်နှင့်အညီ ဘဏ်သို့ကိုယ်တိုင်လာရောက် ပေးဆပ်စေလိုကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့ရာ တောင်သူများမှ ဆွေးနွေးချက်များအပေါ် သိလိုသည်များကိုမေးမြန်းရာ မြို့နယ်လယ်ယာဖွံဖြိုးဘဏ်မန်နေဂျာက ပြန်လည်ဖြည့်ရှင်းပြောကြားခဲ့သည်။

ထို့နောက် ကောင်းကြီး ကျေးရွာအုပ်စုမှ တောင်သူ (၅၄)ဦး ဧက(၁၉၆) ဧကအတွက် ချေးငွေကျပ် (၄၂၅)သိန်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးတင်၊ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်မန်နေဂျာဦးအေးမင်းနိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လက်ဝယ်အရောက်အသီးသီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)