စလင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေး ငွေ(၃၇၈)သိန်းအား ပုထိုးဖြူရပ်ကွက်မှ တောင်သူ(၄၀)ဦးအား စတင်ထုတ်ချေးပေး

စလင်း  မေ ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးသီးနှံစပါးစိုက်ပျိုးကြမည့် တောင်သူဦးကြီးများအား လယ်ယာလုပ်ငန်းသုံးသွင်းအားစုများ ကြိုတင်ဝယ်ယူ အသုံးပြုနိုင်ရန်ကြစေရန်အတွက် မိုးသီးနှံစရိတ်ချေးငွေများကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးတွင်  ထုတ်ချေးပေးလျက်ရှိကြောင်း  သိရသည်။

စလင်းမြို့နယ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ၂၀၂၅၊၂၀၂ ခုနှစ်မိုးသီးနှံ စိုက်ပျိုးစရိတ် ဘဏ်ချေငွေများကို ပုထိုးဖြူရပ်ကွက်မှ တောင်သူ (၄၀)ဦးအား ချေးငွေထုတ်ချေးပေးရန်လျာထားခဲ့ပြီး တောင်သူများ ပိုင်ဆိုင်ထားသော(ပုံစံ-)မူရင်းများဖြစ်ကို ဘဏ်အပေါင်အဖြစ်ရယူပြီး တောင်သူတစ်ဦးခြင်းကိုယ်တိုင် အာမခံသည့်စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးပေးလျက်ရှိသည်။

အဆိုပါ  မိုးသီးနှံထုတ်ချေးပေးကာလမှာ ၂၀၂၆ ခုနှစ် မေလ စတင်ထုတ်ချေးပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာအုပ်စု()အုပ်စုဖြစ်သည့် ပုထိုးဖြူရပ်ကွက်မှ တောင်သူ(၄၀)ဦးအား မိုးသီးနှံစပါးစိုက်ပျိုရန် စပါးစိုက်ဧက(၁၂၆)ဧကအတွက် တစ်ဧကလျင် (၃) သိန်းကျပ်နှုန်းဖြင့် မိုးသီးနှံစရိတ်ချေးငွေ (၃၇၈) သိန်းကျပ်ကို စတင်ထုတ်ချေးပေးပြီဖြစ်ကြောင်း မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် တောင်သူဦးကြီးများကိုလည်း မိုးသီးနှံစိုက်ပျိုးစရိတ်များအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မောင်လွင်(စလင်း)