တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ရပ်မိရပ်ဖကြီးကြပ်ရေးအဖွဲ့များအား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

တောင်တွင်းကြီး မေ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည့်သူအစိုးရသစ်၏ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြောက်နိုင်ရေးအတွက် ရပ်မိရပ်ဖများအား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တောင်တွင်းကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက ရပ်ကွက်/ကျေးရွာ ရပ်မိရပ်ဖ ကြီးကြပ်ရေးအဖွဲ့များက ဆယ်အိမ်စုမှူးဖွဲ့စည်းရာတွင်လည်းကောင်း၊ ရာအိမ်စုမှူးဖွဲ့စည်းရာတွင်လည်းကောင်း၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ၏ မိမိတို့နှစ်သက်သည့်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်တင်မြောက်ရာတွင် ဥပဒေ၊ နည်းပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကြီးကြပ်ရေးအဖွဲ့များကသိရှိလို့သည်များအား မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ ကြီးကြပ်ရေးအဖွဲ့များ၊ ရပ်ကျေးအဖွဲ့များ စုစုပေါင်း အင်အား (၈၀)ဦး တက်ရောက်ခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)