တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးများက လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆို

ထားဝယ်   မေ ၁

နေပြည်တော်၊ ပြင်ဦးလွင်၊ ငွေဆောင်၊ အင်းလေး လေ့လာရေးခရီးစဉ်သွားရောက်ရာမှ  ထားဝယ်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် ၂၀၂၆ခုနှစ် လူရည်ချွန်ကျောင်းသားများအား  မေ ၁၁ ရက်က တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ မိဘများနှင့် ကျောင်းသား/သူများက နွေးထွေးပျူငှာစွာ ကြိုဆိုဂုဏ်ပြုကြသည်။

ဦးစွာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က လူရည်ချွန်ကျောင်းသား/ကျောင်းသူများအနေဖြင့် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသည့် လေ့လာရေးခရီးစဉ် ဒေသန္တရဗဟုသုတများကို သွားရောက်လေ့လာခဲ့ပြီးဖြစ်ကြောင်း၊ နောင်းတွင်လည်း ပါဝင်နိုင်အောင်ကြိုးစားဆောင်ရွက်ပေးစေ လိုကြောင်း၊ မိသားစု၏ဂုဏ်၊ ကျောင်း၏ဂုဏ်၊ တိုင်းဒေသကြီး၏ဂုဏ်၊ နိုင်ငံ၏ဂုဏ်ကို ထိန်းသိမ်းပေးကြရန်လိုကြောင်း၊ နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်ပါစေ ကြောင်းဂုဏ်ပြုပြောကြားပြီး လူရည်ချွန်ကျောင်းသား/ကျောင်းသူများက လေ့လာရေးခရီးစဉ်များအပေါ် ကြုံတွေ့ရသော ဗဟုသုတများကို မျှဝေပြောကြားသည်။

၂၀၂၆ခုနှစ် တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ(၂၁)ဦးနှင့် ထားဝယ်တက္ကသိုလ်မှ လူရည်ချွန်ကျောင်းသား(၂)ဦးသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့်အတူ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး အလားတူ မြိတ်လေဆိပ်နှင့်ကော့သောင်းလေဆိပ်တွင်လည်း လူရည်ချွန်ကျောင်းသား၊ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)