ထားဝယ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး  

ထားဝယ်     မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်နှင့် စည်းစိမ်များပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ခရိုင်မီးသတ်ဦးစီးဌာနဦးဆောင်၍ တပ်ဖွဲ့ဝင်များကဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနမှူးဦးကျော်ထွန်းဝင်းဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ ရေစည်/ရေကန်များစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စစ်ဆေးကြသည်။

ထို့နောက် တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများအားသက်တမ်းကုန်နေသော မီးသတ်ဆေးဘူးများအား လဲလှယ်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းမှာကြားပြီး မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့်ကိုင်တွယ်နည်းများကို ရှင်းလင်းပြောကြားသည်။

ငွေဇင်ယော်(ထားဝယ်)