သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရက် (၁၀၀) စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

မြန်အောင် မေ ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရက် (၁၀၀) စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဇော်ထက်က ရက်(၁၀၀) စီမံချက်ဖြင့်အကောင် အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများကို သက်ဆိုင်ရာ ကျေးရွာကော်မတီများထံသို့ တာဝန်ရှိသူများကလွှဲပြောင်းပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆- ၂၀၂၇ ခု ဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် မြန်အောင်မြို့နယ် အစယ်ကျေးရွာအုပ်စု၊ ကော်ကုန်းကျေးရွာလျှပ်စစ်မီးလင်းရေး ၄၀၀ ဗို့ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း (၁၅၀၀ ပေ)အား နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်(၁၅)သန်း၊ ပြည်သူထည့် ဝင်ငွေ ကျပ် (၃) သန်း၊ သဲဖြုကျေးရွာအုပ်စု ဖိုးလေးကုန်းကျေးရွာလျှပ်စစ်မီးလင်းရေး ၄၀၀ ဗို့ ဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်း (၁၅၀၀ ပေ) အား နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် (၃) သန်းတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)