မော်လမြိုင်ကျွန်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းကလည်းကောင်း၊ အမျိုးသညးလွှတ်ကိုယ်စားလှယ် ဦးထိန်လင်းကလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦး အောင်ဇော်လှိုင်ကလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးစိုးနိုင်တို့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာများနှင့် မိတ်ဆက်ပေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ဌာနဆိုင် ရာများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စား၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်အမှတ် (၂) တို့က လိုအပ်သည်များဖြည့်စွက်မျာကြားခဲ့ပြီး၊ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)