ကန်ကြီးထောင့် မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပိုက်ဆံလျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်ခန့်က ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇော၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးကြူ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တော်သူများမှ တက်ရောက်ကြကာ တာဝန်ရှိသူများက ပိုက်ဆံလျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့များအားပေးအပ်ခဲ့ကြပြီး ကွင်းယားကြီးကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁၈၇(ဂ)၊ ဦးပိုင်အမှတ် ၄/စ၊ တောင်သူဒေါ်သီတာ၏ လယ်ဧရိယာ (၈)ဧကတွင် ပိုက်ဆံလျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့များအား (၁) ဧကလျှင် (၄) ပြည်နှုန်းဖြင့် ကြဲပက်ခဲ့ကြသည်။
လယ်ယာမြေများတွင် ပိုက်ဆံလျှော်စိုက်ပျိုး၍ လယ်မြေအတွင်းသို့ သစ်စိမ်းမြေဩဇာအဖြစ် ထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်၍ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)