လပွတ္တာ မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အစိုးရသစ်ရက်(၁၀၀) စီမံချက်အရ ဖမ်းဆီးရန်ကျန်ရှိသည့် ပြစ်မှုကျူးလွန် ၍ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံ များစာရင်း ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီကလပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဩဘာ လမ်းဆုံ (လပွတ္တာ-မြောင်းမြသွားကားလမ်း)၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်းနှင့်နိဗ္ဗာန် လမ်းထောင့်၊ အမှတ်(၅)ရပ်ကွက်လမ်းမ တော်လမ်းနှင့်ကမ်းနား လမ်းထောင့် (ဧရာဝတီ ဆိပ်ခံတံတားအနီး)တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်၊ အတွင်းရေးမှူး ရဲမှူးတင်မောင်သက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများက ပြစ်မှုကျူးလွန်၍ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများစာရင်း အလျား (၄) ပေ ၊ အနံ(၄)ပေခွဲရှိဆိုင်းဘုတ် (၃)ခုအား စိုက်ထူပေးခဲ့ပြီးအဆိုပါအခမ်းအနားသို့ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် (၂၅)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်း အင်အား (၁၀၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်