လပွတ္တာ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊မွေး မြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရသစ်ရက်(၁၀၀) စီမံချက်အဖြစ် "တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာပြုလုပ်ခြင်း" သင်တန်းဖွင့်ပွဲကိုယနေ့ နံနက် ၁၁ နာရီက လပွတ္တလုတ်တောင်ကျေး ရွာ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးနိုင်ဦးတို့ကအဖွင့် အမှာ စကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Dr နွယ်နွယ်အောင်က လပွတ္တာခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အစိုးရသစ် ရက် (၁၀၀)စီမံချက်အဖြစ် လုပ်ငန်း(၆)မျိုးဆောင် ရွက်သွားမည့်အခြေအနေနှင့်မြို့နယ်ဦးစီးမှူး Dr အောင်ရွှေထွန်းက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် တပိုင်တနိုင်မွေးမြူသူတောင်သူ (၂၀)ဦးအား "တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာ ပြုလုပ်ခြင်း"စာတွေ့ လက်တွေ့ပြုလုပ်ခြင်းများ သင်ကြားပေးခဲ့ကာ တပိုင်တနိုင်မွေးမြူရေးလုပ်ငန်းများစာရင်း ကောက်ယူခြင်း၊ မွေးမြူရေးခြံသုံးဆေးဖြန်းခြင်း၊ မေထုန်မဲ့သားစပ်ခြင်းနှင့် ကူးစက်ရောဂါအသိပညာပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး ကာကွယ် ဆေးများလည်း ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်