လပွတ္တာ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ် (၁၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ကသင်တန်းအဖွင့် အမှာစကားပြော ကြားပြီး ခရိုင်ရဲမှူးကြီးမျိုးမြင့်ကတိုင်းဒေသကြီးအစိုးရအဖွဲ့မှချီးမြှင့်ငွေကျပ် ၅ သိန်းကိုပေးအပ်ခဲ့ရာ သင်တန်းကျောင်းအုပ်ကြီး ဒေါ်သူဇာနွယ် ကလက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းကို မေလ ၄ ရက်နေ့မှအောက်တိုဘာ ၂ အထိ (၂၂) ပတ်အကြာနည်းပြ (၄)ဦးဖြင့်စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး လပွတ္တာခရိုင်အတွင်းရှိ၊ လပွတ္တာမြို့ နယ်နှင့် ပြင်စလူမြို့တို့မှသင်တန်းသူ(၂၀)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်