လပွတ္တာ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှု လက်မှုပညာသင်တန်းကျောင်း၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဥ် (၁၄)၊လျှပ်စစ်သင် တန်းအမှတ်စဥ် (၂၁)၊ ဂဟေသင်တန်းအမှတ်စဥ်(၂၁)မော်တော် ယာဥ်စက်ပြင်သင် တန်းအမှတ်စဥ် (၁၆) နှင့်လက်ကိုင်ဖုန်းပြင်သင်တန်း(၁၈)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀း၁၀ နာရီအချိန်ကအဆိုပါသင်တန်းကျောင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ကသင်တန်းအဖွင့်အမှာ စကားပြော ကြားပြီး ခရိုင်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးညွန့်ရွှေကတိုင်း ဒေသကြီးအစိုးရ အဖွဲ့မှချီးမြှင့်ငွေကျပ် ၅သိန်းကိုပေးအပ်ခဲ့ရာ သင်တန်းကျောင်းအုပ်ကြီး ဦးစိုးမောင်မောင် ကလက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းများကို မေလ ၄ ရက်နေ့မှအောက်တိုဘာ ၂ ရက်နေ့ အထိ (၂၂)ပတ် ကြာနည်းပြ ၁၀ ဦးဖြင့်စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့နယ် (၉)မြို့နယ်မှ သင်တန်းသား (၃၀)ဦးတက်ရောက်သင်ယူလျက်ရှိကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်