ဆင်ပေါင်ဝဲ မေ ၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဆင်ပေါင်ဝဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကျော်စွာမြင့်၏ ကြီးကြပ်မှုနှင့်အတူ မြို့နယ်အတွင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ခြင်း၊ ဇီဝအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၂ နာရီအချိန်က ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများနှင့် တွေ့ဆုံကာ နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်မှုလုပ်ငန်း အောင်မြင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)