လက်ပံတန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

လက်ပံတန်း ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝရရှိစေရေး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင်‌ဇော်ဝင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၀၈ ဦးအား အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်အလေးချိန်နှင့်အရပ်တိုင်းတာ‌ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာ‌ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများ ပြုလုပ်‌ပေးပြီး လိုအပ်သော ဆေးဝါးနှင့်ကုသခြင်းများကို (အခမဲ့) စစ်ဆေးကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လစဉ် ၂၁ ရက်နေ့တိုင်း အငြိမ်စားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆေးငွေပဒေသာပင်အတွက် ဆေးဆိုင်လုပ်ငန်းရှင်နှင့် စေတနာရှင်များမှ ငွေကျပ် ၁၂၂၀၀၀၀ လာရောက်လှူဒါန်းခဲ့‌‌ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)