ဇလွန်မြို့နယ်၌ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်)စီမံကိန်းဆောင်ရွက်ရန် ကွင်းဆင်းဆွေးနွေး

ဇလွန် မေ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အုတ်ရှစ်ကွင်းကျေးရွာ၌ အောင်မင်္ဂလာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများအား မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် အသုံးပြုနိုင်ရေး အတွက် ဧရာဝတီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးကျော်စိုးမင်းနှင့်တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းကကွင်းဆင်း ညှိ့နှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့အုတ်ရှစ်ကွင်းကျေးရွာ စာသင်ကျောင်း၌ ကွင်းဆင်းညှိ့နှိုင်းဆွေးနွေး ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမ ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ယဥ်စိုးအေးကအသင်းသားတောင်သူ(၂၅)ဦး၊ စိုက် ပျိုးဧက(၅၀)အတွက် မိုးစပါးစိုက်ပျိုး အကောင်အထည်ဖော်မည့်အခြေအနေ၊ မျိုးနှင့်သွင်း အားစုလိုအပ်ချက်၊ စက်သုံးဆီလိုအပ်မှုများနှင့်ပတ်သက်၍ ဆောင် ရွက်မှုအခြေအနေ အားရှင်းလင်းပြောကြားခဲ့ပြီး အသင်းသားတောင်သူ ဦးသောင်းအေး၏ လယ်မြေ(၅)ဧကတွင် မြေပြုပြင်ထားရှိမှုအား တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့အားပေးခဲ့ကြသည်။ မိုးစပါးစိုက်ပျိုးချိန်အမီ စိုက်ပျိုးနိုင်ရေးအတွက် သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၏ ၂၀၂၆ - ၂၀၂၇ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ မိုးစပါး(၅၀)ဧကစိုက်ပျိုးရန်မျိုးသွင်းအားစုဖိုးငွေ(၁၄၄၀၀၀၀၀)ကို မတည်ရင်းနှီးငွေထုတ်ပေးရန် စီမံထားကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)