ရွှေတောင်မြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် unique ID နံပတ်များကွင်းဆင်းဆောင်ရွက်

ရွှေတောင် မေ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကကြီးမှူး၍ အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကိုင်ဆောင် လက်မှတ်မရှိသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် uniqueID နံပါတ်ထုတ်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ လေးကျွန်းဆီမီးကျေးရွာ ဘုရားကြီးဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်နေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေတောင်မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ဝင်းဆွေတို့မှ ကြီးကြပ်ဆောင်ရွက်နေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်အောင်ဝင်းနှင့် ဦးမျိုးခိုင်တို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)