ဘီးလင်း မေ ၂
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရက် (၁၀၀)စီမံချက်ဖြင့် ဖွင့်လှစ်သော အခြေခံမွေးမြူရေးပညာပေး သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းကမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးအောင်က အဖွင့်အမှာ စကားပြောကြားပြီး ကျိုက်ထိုခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဖြိုးဝင့်ကိုက သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ သင်တန်းကို ဘီးလင်းမြို့နယ်အတွင်းရှိ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသော သင်တန်းသား၊သင်တန်းသူ ၁၁ ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ၊ ဆရာမ ၂ ဦးတို့က တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ သိကောင်းစရာများ၊ ပဋိဇီဝ ဆေးယဉ်ပါးမှု အကြောင်း၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်၊ ဇီဝလုံခြုံမှု၊ နွား၊ ဝက်၊ ကြက် မွေးမြူရေး စသည့် ဘာသာရပ်များကိုနံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိနှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)