မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်း

မော်လမြိုင်ကျွန်း     မေ        ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီကာလအတွင်း သောက်သုံးရေလိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားကြီးများနှင့် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့နယ်ဘေးအန္တရာယ်စီမံဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင် သောက်သုံးရေလှူဒါန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဖြန့်ဝေလှူဒါန်းရာတွင် လှိုင်းဘုန်းကျေးရွာ အုပ်စု၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ အလယ်ရေကျော် ကျေးရွာအုပ်စု၊ ကစောင်းကျေးရွာ အုပ်စု၊ ကြက်ရှားကျေးရွာအုပ်စုတို့ရှိ ဒေသခံပြည်သူများအား  နွေရာသီအပူချိန်မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသည့် ရေရှားပါးမှု အခက်အခဲများကို လျော့ပါးစေရန်နှင့် ကျေးရွာနေပြည်သူများ၏ နေ့စဉ်ဘဝအဆင်ပြေချော မွေ့စေရန် ကျေးရွာအုပ်စု (၅) အုပ်စု ကျေးရွာပေါင်း (၄၈) ရွာသို့   သောက်သုံးရေများအား ပေးဝေလှူဒါန်းခြင်း လုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှ တ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသောက်သုံးရေ ပေးဝေလှူဒါန်းခြင်းလုပ်ငန်းများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာလင်းထံမှ သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)