ငပုတောမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်

ငပုတော မေ ၂

ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့် ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးမင်းမင်းကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းအေးအေးကြူ နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့နယ်ခရင်ဝါးချောင်း ကျေးရွာအုပ်စု ဂျမ်းကပ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင်ဂျမ်းကပ်ကျေးရွာ အုပ်စုနှင့်ကျေးရွာခွဲ (၁၂)ရွာ ရှိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်က လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူကရွေးခြယ်တင် မြှောက်ထားသောဒေသခံ ပြည်သူများဖြစ်သည့် အတွက်မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်‌ဒေသ ဖွံ့ဖြိုးတိုးတက်လုပ်ငန်းများအတွက် ဒေသခံပြည်သူများကလိုအပ်သည်များကို တင်ပြဆွေးနွေးသွားရန် ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဒေသကိုယ်စားလှယ်(၂)ဦးက မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီးကျေးရွာရှိ ဒေသခံပြည်သူများကကျေးရွာလိုအပ်ချက်များကို တင်ပြဆောင်ရွက်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့ကပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာတာဝန်ခံများသည် အစိုးရသစ်ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရံပုံငွေ ကျပ် (၆၀.၀၀) ကျပ်သန်းဖြင့်ဆောင်ရွက်သည့် တွင်းတိမ်တူးဖော်ခြင်း (၄.၅” ၁၀၀’)၊ ပိုက်လိုင်းသွယ် တန်းခြင်း (၆၇၆၅’)အား ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်သွားနိုင်ရေးမှာကြားခဲ့ကြောင်းသိရသည်။

အောင်သူ(ပြန်/ဆက်)