ညောင်ရွှေ မေ ၂
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းစေရေး၊ တရားမဝင် ဓာတ်အားသုံးစွဲမှုမရှိစေရေး၊ ပြည်သူများ၏ လစဉ်ဓာတ်အားသုံးစွဲယူနစ် မှန်ကန်မှုရှိစေ ရေးနှင့် မီတာပြဂဏန်းများ လိုဖတ်ခြင်း၊ ပိုဖတ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် မီတာများ လိုက်လံဖတ်ရှုခြင်းကို မေ ၁ ရက်က မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစိန်လင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံများမှ ဝန်ထမ်း များက စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဓာတ်အားသုံးစွဲသူ မိဘပြည်သူများကလည်း မီတာကွင်းဆင်း ဖတ်ရှုမှုကို သိရှိကြောင်းလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းကို မေ ၁ ရက်မှ ၅ ရက်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်