ဖြူး မေ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းခန့်က လေပြင်းတိုက်ခတ်ခံရမှုကြောင့် မင်းလမ်းကူကျေးရွာအုပ်စု၊ ရှမ်းမင်းလမ်းကူး၊ ဗမာမင်းလမ်းကူး၊ ရွာကန့်လန့်ကျေးရွာရှိ နေအိမ်အချို့ ပျက်စီးခဲ့မှုနှင့်စပ်လျဉ်း၍ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စည်ပင်သာယာခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ချိုသက်ပိုင်ဝင်းတို့က ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့သည့် နေအိမ်(၁၈)လုံးနှင့် ဘုန်းကြီးကျောင်းဆောင်(၁)ဆောင် ပြိုကျပျက်စီးမှုအတွက် (၁)သိန်းကျပ်နှုန်း၊ အမိုးလန်ပျက်စီးမှုအတွက်(၅)သောင်းနှုန်းဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ထောက်ပံ့ရေးပုံးများနှင့် ထောက်ပံ့ငွေ(၁၃) သိန်း(၁) သောင်းကျပ်အား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)