စေတုတ္တရာ ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းအကြောင်း ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၈ ရက် ဧပြီလ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုဆွေးနွေးပွဲတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမနှစ်သင်တန်းသားရရှိရေး သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်ကသမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းအကြောင်း ဆွေးနွေးဟောပြောပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၇၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဆန်းကိုကို(ပြန်/ဆက်)