ဆိပ်ဖြူမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းဆွေနွေးပွဲနှင့် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

ဆိပ်ဖြူ ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းဆွေနွေးပွဲနှင့် လွှတ်တော် အတွေ့အကြုံများ ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားကို ပြည်သူများ၏လူမှုဘ၀ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်ဖြစ်ထွန်း အကျိုးရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရပ်များ ချပြရှင်းလင်း ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ထက်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်အမှာစကားများ ပြောကြားပေးပြီး လွှတ်တော် အသီးသီး၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခြင်း၊ ပြည်သူအများ၏ လူမှုဘ၀ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပေးသည်။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် ရက် (၁၀၀) လုပ်ငန်းအစီအမံများ၊ ပြည်သူအများ၏ အခြေခံလိုအပ်ချက်များကို ဆွေးနွေးရှင်းလင်းတင်ပြခဲ့သည်။ နိဂုံးချုပ်အနေဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြချက်များအပေါ် ပြည်သူများ၏ လူမှုဘ၀ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်ဖြစ်ထွန်းဆောင်ရွက်သွားမည့် ကဏ္ဍအလိုက်လုပ်ငန်းများကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)