ကျိုက်ထိုခရိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကျိုက်ထို ဧပြီ ၂၉

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထိုခရိုင် စီမံကိန်းဦးစီးဌာနမှ(ခရိုင်တာဝန်ခံ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ကျိုက်ထိုခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဌာရေးနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်မှ ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)