တမူးမြို့၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေး)အဖွဲ့ဝင်များ စွမ်းရည်မြှင့်(မွမ်းမံ) ၁/ ၂၀၂၆ သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

တမူး ဧပြီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့(မြို့ပေါ် လုံခြုံရေး)အဖွဲ့ဝင်များ စွမ်းရည်မြှင့် (မွမ်းမံ)သင်တန်း ၁/ ၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့မရပ်ကွက်ရှိ ဒူရ်ကာ မယ်တော် ဂေါ်ရခါးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းကိုကိုက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) အဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးဆိုင်ရာ ပြည်သူ့လုံခြုံရေးစနစ်ပိုမိုခိုင် မာအောင်မြင်နိုင်ရန် အတွက် ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သင်တန်းမှပို့ချချက်များကိုလည်း အလေးအနက် ထား မှတ်သား သင်ယူကြရန်‌ ပြောကြားခဲ့ပြီး သင်တန်းအတွက် ထောက်ပံ့ငွေ (၅)သိန်း ထောက်ပံ့ပေး အပ်ခဲ့သည်။ 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းကို သင်တန်းသား(၅၀) ဦးတို့ဖြင့် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၂၄ ရက်နေ့ အထိ ရက်သတ္တ(၄) ပတ်ကြာ သက်ဆိုင်ရာတာဝန်ရှိသူများကပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ