ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများ၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး စစ်ဆေးဆောင်ရွက်

ညောင်တုန်း ဧပြီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများ၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဈေးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်အင်ဂျင်နီယာ ဦးမျိုး‌ကျော်နှင့်ဝန်ထမ်းများ၊ ဈေး‌ကော်မတီအဖွဲ့တို့က စည်ပင်သာယာမြို့မဈေးနှင့် (၈)လမ်းဈေးတို့တွင် မီးဘေးလုံခြုံရေး အသိပညာ‌ပေးစစ်ဆေးခြင်း၊ ရေရရှိနိုင်သောနေရာများနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ အသင့်အသုံးပြုနိုင်ရေးစစ်‌ဆေးခြင်း၊ စျေးအတွင်း လျှပ်စစ်မီးသုံးစွဲမှုများအား အသိပညာပေး စစ်ဆေးခြင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်ရေလှောင်ကန်များ အသင့်အသုံးပြုနိုင်မှု ရှိ/မရှိတို့ကို စစ်ဆေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)