မြောက်ဥက္ကလာပမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆောင်ရွက်

မြောက်ဥက္ကလာပ   ဧပြီ   ၂၈

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူများ အမှိုက်စွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်၊ ဘေး အန္တရာယ်ရှိ န့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြား စွန့်ပစ်နိုင်ရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ပါးစေရေးနှင့် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေးတို့အတွက် ရက် (၁၀၀) စီမံချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးအစီအစဉ်ကို ယနေ့  နံနက် ၉ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း ၊ မယ်လမုဘုရားရှေ့တွင် ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေးရွေ့လျားယာဉ်(Awareness Mobile Vehicle)များဖြင့် အသိပညာပေး ဆောင်ရွက်ချက်မှတ်တမ်းများ ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ယာဉ်များတွင် အသိပညာပေးဆောင်ပုဒ် စတေကာများ ကပ်ပေးခြင်း၊ အမှိုက် ၄ မျိုး(အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ)ခွဲခြားစွန့်ပစ်မှုကို လက်တွေ့ပြသခြင်း၊ ဝန်ထမ်းများဖြင့် စွန့်ပစ်အမှိုက် အသိပညာပေး တေးသရုပ်ဖော်သီချင်းတို့ဖြင့် သီဆိုကပြခြင်းဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာ‌ပေး ဆောင်ရွက်မှုတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်နန်းတင်ယုဆွေနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်     ဒေါ်၀င်း၀င်းအောင် ၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် ၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းသန်း၊ မြောက်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)