နတ်မောက် ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးက အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ရှိဌာနဆိုင်ရာများအား နတ်မောက်မြို့နယ်၏ ၂၀၂၆-၂၀၂၇ဘဏ္ဍရေးနှင့် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များအား ခွဲဝေပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံကိန်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီချိုက နတ်မောက်မြို့နယ်၏ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများအား ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နိုင်ငံပိုင်အခန်းမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီးမြုပ်နှံမှုရည်မှန်းချက်များအပေါ် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း