ပခုက္ကူ ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စီစီထွန်းက ပခုက္ကူခရိုင်၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများထံကိုလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်ဇေလတ်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ခရိုင်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများထံကိုလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းက ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူထံကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးစိုင်းမျိုးဇော်က ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူထံကိုလည်းကောင်း၊ ခရိုင်စီမံကိန်းဦးစီးမှူးက မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုူဆောင်အရာရှိထံကိုလည်းကောင်း ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်လုပ်ငန်းတာဝန်များ အသီးသီးပေးအပ်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)