ဟင်္သာတ ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကြံတောစုကျေးရွာတွင် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းမှ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် လေးမျက်နှာမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွေးက သင်တန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းအား ၂၂-၄-၂၀၂၆ ရက်နေ့မှ ၂၁-၅-၂၀၂၆ ရက်နေ့အထိလည်းကောင်း အခြေခံနှင့်မွမ်းမံသင်တန်းကို ၂၉-၅-၂၀၂၆ မှ ၁၂-၆-၂၀၂၆ အထိ လည်းကောင်း စုစုပေါင်း ၄၅ ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး စာတွေ့ ၃၀ရာခိုင်နှူန်းနှင့် လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် သင်တန်း၊ သင်တန်းသား ၁၃ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကာ အဆိုပါ သင်တန်းမှ လုပ်ငန်းထူထောင်မည့်သူ ၅ ဦးတို့အား မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်သည့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)