ငပုတောမြို့နယ် မြို့မရဲစခန်းတွင် မီးဘေးကြိုတင်ကာကွယ်‌ရေး (Demonstration) လက်တွေ့သရုပ်ပြ

ငပုတော ဧပြီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် မီးဘေးကြိုတင်ကာကွယ်ရေး (Demonstration) သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ငပုတောမြို့မရဲစခန်းတွင်ပြုလုပ်ရာ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်၊ ငပု‌တောမြို့မစခန်းမှူး ဒုရဲမှူး စောဂျော်ကမ်စန်နှင့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ပထမဦးစွာ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်က ငပု‌တောမြို့မစခန်းမှူး ဒုရဲမှူးစောဂျော်ကမ်စံနှင့် ရဲတပ်ဖွဲ့ဝင်များအား မီးဘေးကြိုတင်ကာကွယ်ရေး အသိ၊ သတိရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး  မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်‌ရန် မီးသတ်ဆေးဘူးနှင့်မီးငြှိမ်းသတ်ပုံ၊ ဆီမီးလောင်ကျွမ်းမှုကို မီးငြှိမ်းသတ်ပုံများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများအားရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)