ပေါက်ခေါင်း ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ဧပြီ ၂၄ ရက် နံနက်ပိုင်းက မြို့မစျေးကြီးအတွင်း၌ မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြို့မစျေးကြီး ဈေးဆိုင်ခန်းများအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်မီးသွယ်တန်း သုံးစွဲနေမှု အခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်ထားမှု အခြေအနေများ၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေးများနှင့် အမှိုက်များအား စနစ်တကျစွန့်ပစ်ရေးတို့ကို အသိပညာပေးပြောကြားကာ ရေကန်များဆောင်ရွက်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)