ကျိူက်ထို ဧပြီ ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Fire Hotspot ဖြစ်ပွားမှု လျော့နည်းပပျောက်ရေး၊ တောမီးလောင်ကျွမ်းမှုမရှိစေရေး ထိန်းသိမ်းကာကွယ်ခြင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ အောင်ဦးအထပ်သားစက်ရုံ၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသိန်းအောင်နိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေး၊ Fire Hotspot ဖြစ်ပွားမှုလျှော့ချရေးတို့ကို ဟောပြောဆွေးနွေးရာ တက်ရောက်လာသည့် စက်ရုံဝန်ထမ်းများနှင့် ရွာသူ/သားများက သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြား ပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျိုက်ထိုမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အောင်ဦးအထပ်သားစက်ရုံမှ တာဝန်ခံနှင့် စက်ရုံဝန်ထမ်းများ၊ ကော့ဘိန်းကျေးရွာနှင့် ပျဉ်းမစခန်းကျေးရွာတို့မှ ကျေးရွာသူ၊ သားများ တက်ရောက်ရာ သစ်တောဦးစီးဌာန ဝန်ထမ်းများမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)