ပုလော ဧပြီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးနိုင်ရေးအတွက် ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက သစ်တောဦးစီးဌာနမှူးရုံးတွင် အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးမှူး ဦးတင်အောင်မျိုးက သစ်တောထိန်းသိမ်းရေး၏အရေးပါမှုအကြောင်း၊ တောမီးလောင်ကျွမ်းမှုကြောင့် လေထုအထုအတွင်း မီးခိုးမြူငွေ့များ တိုးပွားလာကာ လူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ မီးရှို့ခြင်းအလေ့အထကို လျှော့ချကာ ပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် နည်းလမ်းများကို ပြုလုပ်သင့်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။
ထိုနောက် သစ်တောဝန်ထမ်းများက မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပုလော(ပြန်/ဆက်)