မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲကျင်းပ

မအူပင် ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲ၌ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးဥပဒေများ၊ အမျိုးသမီးအခွင့်အရေးများ၊ ဥပဒေများ၊ အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးအကြောင်းအရာများအား ရှင်းလင်းဟောပြောရာ တက်ရောက်လာသူများမှ ဟောပြောချက်များအပေါ် သိလိုသည်များအား မေးမြန်းရာ လက်ထောက်ညွှတ်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)