လပွတ္တာ ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ၂၀၂၆ ခုနှစ် လူရည်ချွန်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက လပွတ္တာမြို့နယ်၊ ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူရည်ချွန်နှစ်ထပ်ကွမ်းဆုရှင် မရွှေပြည့်ပြည့်၊ လူရည်ချွန် မောင်ဘုန်းမြင့်မိုရ်နှင့် မောင်မြတ်ဘုန်းခန့်တို့အား ခရိုင်၊မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လပွတ္တာမြို့မှ လုပ်ငန်းရှင် (၁၇)ဦးက ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ရာ လူရည်ချွန်မောင်မယ် တစ်ဦးလျှင် (၁၇)သိန်း (၈)သောင်းစီနှင့် (၃)ဦးအတွက် (၅၃)သိန်း (၄)သောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်၊မြို့နယ် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)