ရွှေဘိုမြို့၌ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းများ ဖွင့်လှစ်

ရွှေဘို ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရွှေဘိုမြို့တွင် နေထိုင်သည့် သက်ကြီးဘိုးဘွားများနှင့် မိဘပြည်သူများ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းကို ရန်ကြီးအောင်ပန်းခြံရှိ မြို့တော်ခန်းမ၌ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

အဆိုပါအပူရှောင်စခန်းများတွင် သန့်ရှင်းသပ်ရပ်သည့် နေရာထိုင်ခင်းများ၊ သောက်သုံးရေများ အရေးပေါ်ကျန်းမာရေးဆိုင်ရာ ဆေးဝါးနှင့်ပစ္စည်းများ၊ အပူရှောင်းစခန်းများ၌ လာရောက်အပူရှောင်သည့် မိဘပြည်သူများ ဖတ်ရှုနိုင်ရန်အတွက် နံရံကပ်စာစောင်များကိုလည်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထို့ပြင် မိဘပြည်သူများ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုများမဖြစ်စေရန်အတွက် အပူဒဏ်အန္တရာယ်အကြောင်းကို ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ အရေးပေါ် အပူလှိုင်းသတိပေးချက် လမ်းညွှန်ချက်နှင့် အပူချိန်အမြင့်ဆုံးအချိန်တွင် အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်အတွက် မြို့ပေါ်ရှိ ရပ်ကွက်များ၌ လှည့်လည်သတိပေး ဆော်ဩခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးအောင်ထွန်းခိုင် (ပြန်/ဆက်)