ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်းကျင်းပ

ကျိုင်းတုံ ဧပြီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့က စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီ ၂၄ ရက် မွန်းလွဲ ၂ နာရီက ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းသန့်  ပြည်သူများ အားလပ်ချိန်များတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ စာအုပ်စာပေမှရရှိသည့် အသိပညာ ဗဟုသုတများကို အပြန်အလှန်ဆွေးနွေးမျှဝေနိုင်ရေး စာအုပ်စာစောင်ချစ်မြတ်နိုးသူအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် မိမိတို့ဌာနမှ စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး ကျိုင်းတုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့၊ နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားသည့် လူငယ်တွေကိုလမ်းဖွင့်ပေးပါ စာအုပ်၊ စာရေးဆရာ ခင်မောင်အေး(နှလုံး) ရေးသားသည့် လူရယ်လို့ဖြစ်လာလျှင် စာအုပ်၊ စာရေးဆရာ ပေါက်ပေါက်ရေးသားသည့် စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ စာအုပ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးကျင်းပရာ စာဖတ်ဝိုင်း တက်ရောက်လာကြသည့် ကျိုင်းတုံသူနာပြုနှင့် သားဖွားကျောင်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် စာပေဝါသနာရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)