နတ်မောက်မြို့နယ်အတွင်း ပေါ်ဦးပေါ်ဖျား စိန်တလုံးသရက်သီးများ ဈေးကောင်းရရှိ     

နတ်မောက် ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိန်တလုံးသရက် စိုက်ပျိုးရောင်းချသူများ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။

စိန်တလုံးသရက်သီးသည် ပြည်တွင်းစားသုံးသူများအကြိုက် မြန်မာစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကအကောင်းဆုံးသော သရက်အမျိုးအစားဖြစ်ပြီး အရည်အသွေးနှင့် အမျိုးအစားပေါ်မူတည်၍ ဈေးကောင်းရရှိလျက်ရှိသည်။ “ကျွန်တော်တို့ စိန်တလုံးသရက်များကို စိုက်ပျိုးရာတွင် လုပ်အားကုန်ကျစရိတ်နှင့် အပင်များ မွေးမြူစိုက်ပျိုးခြင်းအတွက် ကုန်ကျစရိတ်များရှိသော်လည်း  ယခုနှစ် နှစ်ဦးပေါ်ဦးပေါ်ဖျားတွင် စိန်တလုံးသရက်သီး တစ်လုံးလျှင် (၁,၀၀ဝိ/)နှုန်းဖြင့် ရောင်းချ၍ ဈေးကောင်းရရှိသည့်အတွက် စိန်တလုံးသရက် စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း” စိန်တလုံးသရက်စိုက်ပျိုးရောင်းချသူ ဦးသိန်းဇော်ထံမှ သိရသည်။

သင်းသင်းဝေ