ဟုမ္မလင်း ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာ နေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို ဧပြီလ (၂၄) ရက်နေ့နံနက် (၈) နာရီမှ (၁၂)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုဆောင်ရွက်ရာတွင် သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားများအား အခမဲ့စောင့်ရှောက်ကုသပေးကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားများကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသဆောင်ရွက်ခြင်းကို ဟုမ္မလင်းမြို့ ခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ နေဝင်းထွန်းနှင့် တာဝန်ကျဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွား (၁၃၀) ဦးအား အခမဲ့ စောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)