ကော့သောင်းမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတပြောကြားသည့် မိန့်ခွန်းများအား ထပ်ဆင့်ချပြရှင်းလင်း

ကော့သောင်း ဧပြီ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတပြောကြားသည့် မိန့်ခွန်းများအား ထပ်ဆင့်ချပြရှင်းလင်းခြင်း အခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီ အစည်းအ‌ဝေးခန်းမတွင် ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က အမှာစကား ပြောကြားပြီး ဧပြီလ (၁၀) ရက်‌နေ့ နံနက်ပိုင်း နေပြည်တော်လွှတ်တော် အဆောက်အအုံ၌ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ပြောကြားသည့်မိန့်ခွန်း ဧပြီလ (၁၀) ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတဧည့်ဆောင်တော်တွင် ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မိန့်ခွန်းခံယူခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားခဲ့သည့် မိန့်ခွန်းများအား" ထပ်ဆင့်ချပြရှင်းလင်းခဲ့ကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)