ပလောက်မြို့၌ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်း သင်ကြားပို့ချ

ပလောက် ဧပြီ ၂၄

ကျောင်းသား၊ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပလောက်မြို့ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဦးစွာ ပလောက်မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးဝင်းမင်းထွေးက သင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးအား ဧပြီ ၂၃ ရက်နေ့မှ  ၂၅ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)