မုံရွာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာ ဧပြီ ၂၃

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဧပြီ ၂၂ ရက်နေ့နံနက်ပိုင်းက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက လူငယ်နှင့်အနာဂတ်အကြောင်း အရာများနှင့် စပ်လျဥ်းပြီးလည်းကောင်း၊ ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များနှင့် အပူဒဏ်ကြောင့် အရေးပေါ်ရှေးဦးပြုစုခြင်းစသည့် အကြောင်းအရာများကိုလည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဌာနဝန်ထမ်းများက တက်ရောက်လာသော ကျောင်းသား/သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)