မြိတ်မြို့တွင် တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ ပညာပေးဟောပြောပွဲ ပြုလုပ်

မြိတ်   ဧပြီ   ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ ပညာပေး ဟောပြောပွဲကို ဧပြီ (၂၁) ရက် နံနက်ပိုင်းက ပသောင်းကျေးရွာအုပ်စု တောင်ပုလဲကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

ပညာပေးဟောပြောရာတွင် မြိတ်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုကတောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အကြောင်းအရာများကို အကျယ်တဝင့် ပညာပေးဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုနှင့် တောအုပ်ကြီး ဦးခင်မောင်ဆန်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသူများအား သစ်တောဦးစီးဌာနဝန်ထမ်းများမှ မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ဟောပြောပွဲသို့ ပသောင်း၊ အင်္ဂမော်၊ စလွန်း၊ ကဟန်း ကျေးရွာများမှ  အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ (၈၀)ဦးကျော် တက်ရောက်ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)