အရာတော် ဧပြီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး အသိပညာဆွေးနွေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမှတ်(၃) ရပ်ကွက်ရှိ နေအိမ်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး-၁၊ ကျန်းမာရေးကြီးကြပ်-၂ ဦးရဲလွင်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါပိုးဝင်ရောက်နိုင်သည့် အခြေအနေများ၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတတ်သည့် အသက်အရွယ်နှင့် ရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာဖြစ်ပေါ်ပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်မည့်နည်းလမ်းများကို အသိပညာပေးဆွေးနွေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမှတ်(၃) ရပ်ကွက်ရှိ နေအိမ်(၂၁၈)အိမ်တို့ကို စစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့ ပူးပေါင်းပြီး အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)