လွိုင်ကော်မြို့တွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု (MIL) သင်တန်းဖွင့်လှစ်

လွိုင်ကော် ဧပြီ ၂၃

ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြု၍ သတင်းအမှားများ၊ သတင်းအတုအယောင်များ၊ ကောလာဟလသတင်းများ၊ အမုန်းစကားများနှင့် ပဋိပက္ခကို အားပေးလှုံ့ဆော်သည့် သတင်းစကားများအား တိုက်ဖျက်၍ သတင်းမှန်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်သည့် ပြည်သူလူထုယုံကြည်အားကိုးသူများဖြစ်စေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင်၊ Community Centre ခန်းမ၌ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy -MIL) သင်တန်းဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် MIL တတ်ကျွမ်းမှုနှင့်စံနှုန်းများ၊ မီဒီယာဆိုင်ရာသိနားလည်မှု၊ သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု၊ သတင်းဆိုင်ရာသိနားလည်မှု၊ လူမှုမီဒီယာဆိုင်ရာသိနားလည်မှု၊ ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှု၊ အွန်လိုင်းဂိမ်းဆိုင်ရာသိနားလည်မှုနှင့် လုပ်ငန်းခွင်အတွင်း ဆက်စပ်မှုများနှင့် လက်တွေ့အသုံးချနိုင်မှုများ စသည့်အကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ကယားပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဋ္ဌေးဝင်းက ဆွေးနွေးပို့ချရာ ပြည်နယ်အတွင်းရှိ အရာထမ်း/အမှုထမ်း (၁၆) ဦး တက်ရောက်ကြပြီး မီဒီယာနှင့် ဆက်စပ်သည့် သင်တန်းများကိုလည်း ဆက်လက်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နုယဉ်မိုး (ပြန်/ဆက်)