ပန်ဆောင်မြို့၌ ရေမီတာသုံး ရေပေးဝေးရေးစနစ်ဆောင်ရွက်

ပန်ဆောင် ဧပြီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ စည်ပင်သာယာရေးဦးစီးဌာနနှင့် စျေးကော်မရှင်ဝင်များ ရန်ပုံငွေဖြင့်စျေးတန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို မြို့ဦးစီးမှူး ဦးပိုင်ဆူးကြိုးနှင့် ဝန်ထမ်းများကဆောင်ရွက်လျက်ရှိသည်။

ထိုသို့ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းမှ မူလက ပေ ၇၀၀ ဆောင်ရွက်ရန် လျာထားသော်လည်း လက်ရှိအခြေအနေအတွင်း ပေ ၁၀၀၀ အထိဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့စျေးတန်းတွင် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းပြီးစီးသွားပါက အိမ်ခြေ  ၃၅ အိမ်၊ လူဦးရေ ၁၀၅ ဦးအတွက် များစွာအကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ပန်ဆောင် (ပြန်/ဆက်)