ကော့သောင်းအကျဉ်းထောင်သို့ စာအုပ်၊ စာ‌ပေများလှူဒါန်း

ကော့သောင်း ဧပြီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် FED မြန်မာမှ တာဝန်ရှိသူများ ပူးပေါင်း၍ ကော့သောင်းအကျဉ်းထောင်သို့စာအုပ်၊ စာ‌ပေများလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့‌သောင်းအကျဉ်းထောင်အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင်  ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးငြိမ်းငြိမ်းစံနှင့်အဖွဲ့ဝင်များ၊ FEDမြန်မာမှ ‌ဦးမိုးဝေနှင့်အဖွဲ့ဝင်များက သုတစာပေအမျိုးအစား (၆၀)အုပ်၊ ရသစာပေအမျိုးအစား (၃၃၀)အုပ် စုစုပေါင်း(၃၉၀) အုပ်တို့အား ကော့သောင်းအကျဉ်းထောင်သို့ သွားရောက်လှူဒါန်းခဲ့ကြရာ အကျဉ်းထောင်ဝာာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား‌ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)