စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်လှစ်

မုံရွာ ဧပြီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မုံရွာမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသန်းသန်းဝင်း၊၊ တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦး၊ မုံရွာတက္ကသိုလ်မှ အင်္ဂလိပ်စာပါမောက္ခ ဒေါက်တာမေရီနှင့် မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးဒေါ်နီလာဝေနှင့် အင်္ဂလိပ်စာပါမောက္ခ ဒေါ်ခင်ထားမြတ်၊ ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ ၊ မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ မုံရွာတက္ကသိုလ်၊ အင်္ဂလိပ်စာပါမောက္ခ ဒေါက်တာမေရီက အဖွင့်အမှာစကားပြောကြားပြီး မုံရွာပညာရေးဒီဂရီကောလိပ်မှ အင်္ဂလိပ်စာပါမောက္ခဒေါ်ခင်ထားမြတ်က သင်တန်းနှင့်ပတ်သက်၍ သင်ကြားပေးသွားမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်၊။

ဆက်လက်ပြီး သင်တန်းကို ဆက်လက်ပို့ချပေးရာ သင်တန်းတွင် သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၅) ဦးကမုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၁၀၀) ဦးအား အင်္ဂလိပ်စာအရည်အသွေးမြှင့် ဘာသာရပ် (၄) မျိုးကို ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)