ခန္တီးမြို့တွင် နှစ်ဦးအကြို ဓမ္မသဘင်ပွဲကျင်းပ

ခန္တီး ဧပြီ ၁၈

သာသနာတော်နှစ် ၂၅၆၉ ခုနှစ်ကောဇာ သက္ကရာဇ် ၁၃၈၈ခု နှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ပေါမိုင်းရပ်ကွက်ရှိ၊ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်တွင် ယမန်နေ့ည ၇ နာရီအချိန်က နှစ်ဦးအကြို ဓမ္မသဘင်ပွဲကျင်းပသည်။

အဆိုပါ နှစ်ဦးအကြိုဓမ္မသဘင်ပွဲအား နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နောက်ထေရဝါဒ ဗုဒ္ဓသာသနာပြု ( ဗဟို) ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိတ္တရ သာသနတက္ကသီလမဟာဓမ္မာစရိယ ကတရားတော်များ ဟောကြားခဲ့နောက် အလှူရှင်များမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ပေးခဲ့သည်။

ထို့နောက် အလှူရှင်များမှ ဆရာတော်နှင့်အတူ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

ယင်းတရားတော်များ   ဟောကြားဖြစ်မြောက်နိုင်ရေးနှင့် ကျောင်းတိုက်အတွင်း ဘုရား၊ ကျောင်း၊ သိမ်၊ ရေတွင်း၊ ရေကန်၊ ဇရပ်၊ ရဟန်း အလှူ့ဒါယကာကြီးဦးသန့်ဇော်( ဒုတိယဥက္ကဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ် ကြည်ညီညွှတ်ရေးအဖွဲ့ ၊လူမှုထူးချွန်ဆု (ပထမအဆင့်)+ ဘုရား၊ ကျောင်း၊ သိမ်၊ ရေတွင်း၊ ရေကန်၊ ဇရပ်၊ ရဟန်း အလှူ့ဒါယိကာမကြီး ဒေါ်ဥမ္မာဇင်၊ သမီးလှရတနာ မခင်ရှင်းသန့် (ရွှေချမ်းသာ ကုမ္ပဏီမိသားစု) တို့မှ နှစ်သစ်သင်္ကြန်ကာလအတွင်း ရဟန်း/သာမဏေ ၃၀၀ ပါးနှင့်သီလရှင် ၅၀ ပါးတို့ကို ၈ ပါးပရိက္ခရာစုံလင်စွာဖြင့် သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခြင်း အလှူတော်မင်္ဂလာ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်းငါးထောင့်လေးရာကျော် ကုန်ကျခံလှူဒါန်းခဲ့ကြောင်း သိရသည်။

အေးခိုင်(ပြန်/ဆက်)